အဂတိမှုဖြင့် ဦးပိုင်အကြီးတန်းအရာရှိ ၃ ဦး ဖမ်းဆီးခံရ၊ ထိပ်တန်းဗိုလ်ချုပ်များအထိ စုံစမ်းမည်လား မေးခွန်းထုတ်စရာဖြစ်လာ
စီးပွားကူးသန်း၏ အတည်ပြုချက်မရခင် တားမြစ်ကုန် ဟင်းချိုမှုန့်ကို တရုတ်မှသွင်းနေသော ကုမ္ပဏီ၏ သွင်းကုန်လိုင်စင်လျှောက်ထားမှုကိစ္စကြောင့် စစ်တပ်၏ ဦးပိုင်ကုမ္ပဏီအရာရှိ ၃ ဦး ဖမ်းဆီးခံရသော်လည်း အရှုပ်တော်ပုံမှာ ယင်းထက်ပိုကျယ်ပြန့်သည်။ မင်းအောင်လှိုင်၏ လူယုံ ဥက္ကဋ္ဌနှစ်ဦးလက်ထက်တွင် ပုဂ္ဂလိကကုမ္ပဏီအချို့၏ အဂတိမကင်းသော သွင်းကုန်လိုင်စင် ရရှိမှုတွင် ဦးပိုင် ပါဝင်ပတ်သက်နေသည်။